သည်းခြေအိတ်ကို ထိခိုက်စေမယ့် စားသောက်မှုပုံစံ
နေ့စဉ် စားသောက်မှုပုံစံက သည်းခြေအိတ် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေပါတယ်။ သည်းခြေအိတ်က အစာတွေကို ချေဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကြောင့်လည်း စားသောက်မှုနဲ့ သည်းခြေအိတ် ကျန်းမာရေးက တိုက်ရိုက် အကျိုးသက်ရောက်နေတာပါ။ သည်းခြေအိတ်ထဲက သည်းခြေရည်တွေက အဆီတွေကို ဖြိုခွဲပေးတာပါ။
အစားအသောက်တွေက သည်းခြေအိတ် ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေလဲ?
သည်းခြေအိတ် ဆိုတာက အသည်းရဲ့ အောက်ဖက်နားမှာရှိတဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ အသည်းက ထုတ်တဲ့ သည်းခြေရည်တွေကို သိမ်းဆည်းထားပြီး အစာခြေရာမှာ အထောက်အကူပေးဖို့အတွက် သည်းခြေရည်တွေကု အူသိမ်ထဲကို ထုတ်လွှတ်ပါတယ်။
သည်းခြေအိတ်က ထိခိုက်လွယ်တဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကျန်းမာတဲ့ စားသောက်မှုပုံစံက သည်းခြေအိတ် ကျန်းမာရေးကို အားဖြည့်ကူပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက သည်းခြေအိတ်ကို ကျန်းမာစေပေမယ့် ပြုပြင်ထားတဲ့ အစားအစာတွေကတော့ သည်းခြေအိတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
သည်းခြေအိတ်က အလုပ်တွေကို ကောင်းကောင်း မလုပ်ဆောင် နိုင်တော့တဲ့အခါ ဖယ်ထုတ်ရပါတယ်။ ဒါကြောင့် သည်ခြေအိတ် ကျန်းမာစေဖို့ အတွက် အစားအစာတွေကို ဂရုစိုက်ဖို့ လိုပါမယ်။
သည်းခြေအိတ်ကို ထိခိုက်စေနိုင်တဲ့ စားသောက်မှု ပုံစံတွေကတော့
အခုလို စားသောက်မှုတွေက သည်းခြေအိတ်ကို ထိခိုက်စေနိုင်ပါတယ်။
အချိုများတာ
အချိုကဲတာ၊ အချိုပါဝင်မှု များတာတွေကို စားတာ မုန့်အချိုတွေကို အများကြီး စားလေ့ရှိတာက သည်းခြေအိတ်ကို ထိခိုက်စေနိုင်ပါတယ်။
အမြန်စား အစားအစာတွေ
အမြန်စား အစားအစာတွေကို နေ့စဉ်နီးပါး စားတာကလည်း အဆီတွေ၊ အငန်တွေ လွန်ကဲစွာ ပါဝင်နေတာကြောင့် သည်းခြေအိတ်ကို ထိခိုက်စေနိုင်ပါတယ်။
အသွင်ပြောင်းဆီကြော်စာတွေ
အဆီများတဲ့ အစားအစာတွေ အထူးသဖြင့် ပြည့်ဝဆီ ပါဝင်မှု များတဲ့ အစားအစာတွေကို စားသုံးတာကလည်း သည်းခြေအိတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆီကြော်စာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ကြက်ကြော် စတာတွေပါ။
သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်
သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ စားပေးတာကလည်း သည်းခြေအိတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်၊ ဥပမာ - ပေါင်မုန့်ဖြူ၊ အသင့်စား ကွေကာလိုမျိုး အစားအစာတွေပါ။
အဆီများတဲ့ အစားအစာ
သည်းခြေအိတ်က အဆီတွေကို ချေဖျက်ဖို့အတွက် သည်းခြေရည်ကို ထုတ်လုပ်ပေးပါတယ်။ ဒီတော့ အဆီများတဲ့ အစားအစာတွေကို စားတာက သည်းခြေအိတ်ကို ဝန်ပိစေတာပါ။ ဒါကြောင့် အဆီများတာတွေကို စားတာက သည်းခြေအိတ်ကို ထိခိုက်စေနိုင်ပါတယ်။
အမျှင်ဓာတ် မစားတာ
အသီးအရွက်တွေကို စားသုံးတာက ခန္ဓာကိုယ်ကို ကျန်းမာစေသလို သည်းခြေအိတ်ကိုလည်း ကျန်းမာစေပါတယ်။ အကြောင်းကတော့ အသီးအရွက်တွေကနရတဲ့ အမျှင်ဓာတ်က သည်းခြေအိတ်ကို ကျန်းမာစေတာကြောင့်ပါ။ တကယ်လို့ အမျှင်ဓာတ်တွေကို အစားဘဲနေမယ်။ တစ်နည်းအားဖြင့်ပြောရမယ် အသီးအရွက်တွေ မစားတာက သည်းခြေအိတ် ကျန်းမာရေးကို ထိခိုက်စေမှာပါ။
အခုပြောခဲ့တဲ့ စားသောက်မှုပုံစံတွေ ရှိနေမယ်ဆိုရင် သည်းခြေအိတ်ကို ထိခိုက်စေနိုင်တာကြောင့် အချိန်မနှောင်းခင် ပြုပြင်လိုက်တော့နော်။
မွန်မွန်